Events
စတုတ္ထအကြိမ် မြန်မာ(နေပြည်တော်)- တရုတ် (လင်ချန်း) စီးပွားရေးကုန်စည်ပြပွဲ ကျင်းပရေးနှင့်စပ်လျဉ်းသည့် လုပ်ငန်းညှိနှိုင်းအစည်းအဝေးကျင်းပ
Updated At: 2023-04-06 17:27:42
၂၀၂၃ ခုနှစ် မေလ ၂၅ ရက်နေ့မှ ၂၈ ရက်နေ့အထိ ကျင်းပမည့် စတုတ္ထအကြိမ် မြန်မာ(နေပြည်တော်)- တရုတ်(လင်ချန်း) စီးပွားရေးကုန်စည်ပြပွဲ အောင်မြင်စွာ ကျင်းပနိုင်ရေးအတွက် လုပ်ငန်းညှိနှိုင်း အစည်းအဝေးကို ၂၀၂၃ ခုနှစ်၊ ဧပြီလ ၆ ရက်နေ့၊ ၁၄:၃၀ နာရီအချိန်တွင် စီးပွားရေးနှင့်ကူးသန်း ရောင်းဝယ်ရေးဝန်ကြီးဌာန၊ မြန်မာကုန်သွယ်မှုမြှင့်တင်ရေးအဖွဲ့အစည်းအဝေးခန်းမ၌ စီးပွားရေးနှင့်ကူးသန်းရောင်းဝယ်ရေးဝန်ကြီးဌာန အမြဲတမ်းအတွင်းဝန် ဦးဆောင်၍ Physical/Virtual စနစ်ဖြင့် ကျင်းပပြုလုပ်ခဲ့ပါသည်။
အစည်းအဝေးတွင် စီးပွားရေးနှင့်ကူးသန်းရောင်းဝယ်ရေးဝန်ကြီးဌာန အမြဲတမ်းအတွင်းဝန်က အဖွင့်အမှာစကား ပြောကြားခဲ့ရာ စတုတ္ထအကြိမ် မြန်မာ(နေပြည်တော်)- တရုတ်(လင်ချန်း)စီးပွားရေးကုန်စည်ပြပွဲ အောင်မြင်စွာကျင်းပနိုင်ရေးအတွက် ညှိနှိုင်းပြင်ဆင်ဆောင်ရွက်ထားရန် လိုအပ်သည့် ကိစ္စရပ်များ၊ ကုန်စည်ပြပွဲတွင် တရုတ်နိုင်ငံဈေးကွက်သို့ ထိုးဖောက်နိုင်မည့် အသေးစား အငယ်စား အလတ်စား စီးပွားရေးလုပ်ငန်းများ (MSME) ၏ ထုတ်ကုန်များကို ပါဝင်ခင်းကျင်းပြသနိုင်ရေးကိစ္စရပ်များအား ညှိနှိုင်းဆွေးနွေးခဲ့ကြပါသည်။
အစည်းအဝေးသို့ သက်ဆိုင်ရာဝန်ကြီးဌာနအသီးသီးမှ ကိုယ်စားလှယ်များ၊ ပြည်ထောင်စုသမ္မတမြန်မာနိုင်ငံကုန်သည်များနှင့်စက်မှုလက်မှုလုပ်ငန်းရှင်များအသင်းချုပ်နှင့် ညီနောင်အသင်းများမှ ကိုယ်စားလှယ်များ(၄၀)ဦးကျော် တက်ရောက်ခဲ့ကြကြောင်း သိရပါသည်။
Event Details
- Date
- 25th to 28th May
- Location
- မြန်မာကုန်သွယ်မှုမြှင့်တင်ရေးအဖွဲ့အစည်းအဝေးခန်းမ
- Website
- www.myantrade.gov.mm
More Events
2nd ASEAN-Pakistan Business Opportunities Conference ကျင်းပမည်
Date: 16th to 21th April, 2025
Smart Farm Korea 2025 (SFKOREA 2025 ) ပြပွဲ ကျင်းပမည်
Date: 21st to 23rd May, 2025
FTCCI Experiential Tourism MICE Fair 2025 ပြပွဲ ကျင်းပမည်
Date: 26th to 27 th May, 2025